Transform Visitors into Customers for our sales!
Ensure Safety and ZERO Rework for our services!
Aung Electronics ၏ Auto Inverter များ
📌 မီးလာနေချိန်တွင် EPC Grid မှ မီးကို အိမ်အတွက်သုံးပေးကာ မီးပျက်သွားပါက Inverter မီးလိုင်းကို less than 1 sec delay time (လျှင်မြန်စွာ စက္ကန့်တစ်ဝက်စာ အချိန်လေးအတွင်းမှာပင်) Auto ချိန်းပြောင်းပြီး အိမ်အတွက်သုံးပေးမှာဖြစ်ပါတယ်။
📌 ဒါတင်မကသေးပါဘူး EPC မီးပြန်လာပါကလည်း EPC မီးလိုင်းသို့ Auto ချိန်းပြောင်းသုံးပေးမယ့်အပြင် ကုန်ဆုံးသွားတဲ့ ဘက်ထရီသို့လည်း Auto တပြိုင်တည်း ပြန်လည် charging အားပြန်သွင်းပေးမှာဖြစ်ပါတယ်။ ဘက်ထရီအားပြည့်သွားပါကလည်း ဘက်ထရီအားသွင်းမှုကို Auto ဖြတ်တောက်ပေးမှာမို့ မိမိတို့ရဲ့ ဘက်ထရီအိုးကို အိုဗာချားဂျင် (အားအလွန်အကျွံသွင်းမိမှု) ကြောင့်ဖြစ်တတ်သော ဘက်ထရီ ပျက်စီးခြင်းများမှ ကာကွယ်ပေးထားပါသေးသည်။
📌 ကာစတန်မာများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် 100 Watt မှ 1500 Watt များအထိ အမျိုးအစား စုံလင်အောင် ထုတ်လုပ်ထားရှိပေးတာမို့ ကာစတန်မာအားလုံးရဲ့ မတူညီတဲ့ လိုအပ်ချက် အမျိုးမျိုးကို ပြည့်စုံစေမှာဖြစ်ပါတယ်။
📌 ဒါ့အပြင် ကျွမ်းကျင်တဲ့ ဝန်ထမ်းများမှနေ၍လည်း ကာစတန်မာများ၏ အသုံးပြုလိုသော ဝန်အားနှင့် စွမ်းအင် (Load and kWH energy) လိုအပ်ချက်များနှင့် သုံးစွဲရမည့် inverter ဝပ်အားစသည် အမျိုးအစားများအပြင် ၎င်းနှင့်ချိတ်ဆက်အသုံးပြုရမည့် ဘက်ထရီအမျိုးအစား, ဘက်ထရီဝန်အား (Amp-hour, AH) နှင့် ဘက်ထရီနှင့်ချိတ်ဆက် အသုံးပြုနိုင်မည့် ကြာမြင့်ချိန် စသည်များကိုပါ တွက်ချက် ရှင်းလင်း နားလည်စေမှာဖြစ်တာမို့ ကာစတန်မာများအနေဖြင့် မိမိတို့ လိုအပ်ချက်များအားလုံးကို စိတ်ချပြည့်စုံစေမှာ ဖြစ်ပါသည်။
📌 Watt အလုံးကြီး inverter များကိုလည်း ကာစတန်မာများစိတ်ကြိုက် special custom made အော်ဒါမှာယူနိုင်မှာဖြစ်ပါသည်။
📌 Aung Electronics ကထုတ်လုပ်တဲ့ Auto Inverter များအပြင် Auto Transformer (Automatic Voltage Regulator) များ၊ Battery Charger များ၊ Safeguardများ နှင့် အခြား လျှပ်စစ်ပစ္စည်းများကို အမြို့မြို့မှာရှိတဲ့ (လျှစ်စစ်)စတိုးဆိုင်ကြီးတွေမှာလည်း သွားရောက်ဝယ်ယူနိုင်ကြပြီဖြစ်ပါသည်။
📌 စက်ရုံပင်ရင်းအနေနဲ့ဝယ်ယူချင်တယ် ဆိုရင်ဖြင့် မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ Aung Electronics Showroom သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။